ချောင်းဆုံမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရန် (၁၆၃၅) ဦးရှိ

ချောင်းဆုံ စက်တင်ဘာ  ၁၁

ချောင်းဆုံမြို့နယ်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၌ ဒုတိယဖြစ်ပွားမှုအများဆုံးဖြစ်သည့် သားအိမ်ခေါင်း ကင်ဆာရောဂါကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် HPV (Human Papilloma Virus) ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့တွင် အခမဲ့စတင် ထိုးနှံ ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ (HPV) ကာကွယ်ဆေးထိုးနှံခြင်းကို ချောင်းဆုံမြို့နယ်တွင် ပထမအကြိမ်အဖြစ် စတင်ထိုးနှံပေး မှာဖြစ်ပြီး ဆေးထိုးရန် သတ်မှတ်ချက်များတွင် အကျုံးဝင်သည့် (၂၀၁၀)ခုနှစ် စက်တင်ဘာလမှ (၂၀၁၁)ခုနှစ် ဩဂုတ်လ အထိ မွေးဖွားသူ အသက် (၉)နှစ်မှ (၁၀)နှစ်အတွင်းရှိသူ အမျိုးသမီးကလေးငယ် (၁၆၃၅)ဦးအား ဆေးထိုး စုရပ် ကျန်းမာရေးဌာနခွဲ (၃၈)နေရာတွင် ကျန်းမာရေးဝန်ထမ်းအစုအဖွဲ့ (၄၁)ဖွဲ့ဖြင့် (၂)ရက်ကြာ ရပ်ကွက်/ကျေး ရွာအုပ်စု (၄၆)အုပ်စုတို့တွင် လိုက်လံထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)