လှိုင်မြို့နယ်အတွင်းရှိ ပြည်သူများ အလင်း​ရောင်​ကောင်းမွန်စွာ ရရှိပြီး အန္တရာယ်ကင်းရှင်း​စေ​ရေး အတွက် LED 150 W လမ်းမီးအလုံး(၁၀၀) တပ်ဆင်​ဆောင်ရွက်

လှိုင် စက်တင်ဘာ ၁၁

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ပြည်သူလမ်းသွားလမ်းလာများ ညဘက်တွင် အလင်းရောင် ကောင်းမွန်စွာ ရရှိစေရန်နှင့် ခိုးဆိုးလုယက်မှုအန္တရာယ်များမှ ကာကွယ်နိုင်ရန် ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်​ကျော်​ကျော်ဦးနှင့် လှိုင်မြို့နယ် လျှပ်စစ်ရုံး (Hlaing YESC) တို့ ပူးပေါင်း၍ အဓိက လမ်းမကြီးတစ်ခုဖြစ်သည့် လှိုင်မြို့နယ် ၉ရပ်ကွက်၊ ၁၀ရပ်ကွက် ၁၁ရပ်ကွက် အတွင်းရှိ ဓမ္မာရုံလမ်းတစ်လျှောက်(အင်းစိန်လမ်းမထောင့်မှ ပြည်လမ်းထိပ်အထိ) လမ်းမီးကြိုး (၃၆၀၀) ပေခန့် တည်ဆောက်ပြီး လမ်းမီး (150) Watts(၃၄)လုံးအား တပ်ဆင်ခြင်း၊ ၉ရပ်ကွက် ၁၁ရပ်ကွက် ၁၂ရပ်ကွက် ယောဂီကျောင်းလမ်းအတွင်း အင်းစိန်လမ်းမထောင့်မှ လှိုင်တက္ကသိုလ်ဝင်ပေါက်အထိ လမ်းမီးကြိုး (၂၃၀၀) ပေခန့် တည်ဆောက်၍ လမ်းမီးLED (150) Watts(၂၅) လုံး တပ်ဆင် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ LED 150 W များ တပ်ဆင်​ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လှိုင်မြို့နယ် ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဦးအောင်​ကျော်​ကျော်ဦးက “သိန်းတစ်ထောင် ဘတ်ဂျက်နဲ့ LED 150W , အလုံး (၁၀၀)စုစု​ပေါင်း (၄၉) သိန်းဖိုး ဝယ်ထားပါတယ်၊ ယောဂီကျောင်းလမ်းက အလုံး (၃၅)လုံး၊ ဓမ္မာရုံလမ်းက (၄၅လုံး၊ ကန်လမ်းက (၂၀) လုံး ထွန်းမှာပါ၊ ကျန်ရှိတဲ့ လမ်းများကိုလည်း​ နောင်နှစ်ဘတ်ဂျက်မှာ ဆက်လက်​​ ဆောင်ရွက်​ပေးသွားမှာပါ” ဟု ယခုလို​ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ကြည်​ဇေ​သော်(ပြန်/ဆက်)