မကွေး စက်တင်ဘာ ၁၁
ဆိတ်ဈေးကွက် ဈေးနှုန်းကျဆင်းလာခြင်းကြောင့် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း မြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့တွင် စီးပွားဖြစ် တစ်ပိုင်တစ်နိုင် ဆိတ်မွေးမြူရေး လုပ်ကိုင်သူ နည်းလာကြောင်း ဒေသခံများထံက သိရသည်။
ကိုဗစ်ဂယက်ကြောင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့က ဆိတ်ဝယ်ယူမှု ရပ်နားထားခြင်းကြောင့် ဆိတ်ဈေးကွက်မှာ တဖြည်းဖြည်း ကျဆင်းလာခြင်းဖြစ်သည့်အပြင် ဆိပ်ဖြူမြို့နယ်တွင် မိုးခေါင်ရေရှား ဖြစ်ခြင်းကြောင့် ဆိတ်ကျောင်းရန် စားကျက်ရှားပါးမှုဖြင့် ကြုံလာကြသည်၊၊
"အရင်ကဆိုရင် ကျွန်တော်တို့ ရွာအနီးအနားက ရွာတိုင်းမှာ ဆိတ်မွေးတဲ့သူ နှစ်ဦး သုံးဦးလောက် ရှိတယ်။ အခုက ဆိတ်ဈေး မကောင်းတာလည်းပါတယ်၊ ရွာလာဝယ်ရင်လည်း အသား ပေါ်တဲ့ လူလောက် လာဝယ်တာ နိုင်ငံခြား အိပ်စပို့စ် ကလည်းမရှိတော့ ဈေးကျလာတာနဲ့ တချို့ဆိုရင် အုပ်လိုက် ဖြုတ်လိုတာ မွေးတဲ့သူ နည်းသွားတယ်" ဟု ဆိပ်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံ ဦးကျော်ဌေးက ပြောသည်၊၊
ယခင်နှစ်က ဆိတ်တစ်ကောင်ကို (၁)သိန်းကျော်ကနေ (၁၅၀၀၀၀/-) ကျပ်အထိ ရောင်းချပြီး ယခုနှစ်မှာ ဆိတ်တစ်ကောင်ကို (၈၀၀၀၀/-) ကျပ်မှ တစ်သိန်းဝန်းကျင် အသားတစ်ပိဿာ တစ်သောင်း ဈေးဖြင့် ရောင်းချရကြောင်း ဆင်ဖြူကျွန်းမြို့ အနီးရှိ မြောင်းဘောင်ရွာက ဦးသိန်းဌေးက ပြောပါတယ်၊ ကျွန်တော်ရွာမှာဆို ဆိတ်မွေးမြူရေးလုပ်ကိုင်သူ မရှိတော့ဘူး၊ နွယ်တမယ်ရွာမှာပဲ ဆိတ်နဲ့ သိုးက နည်းနည်းပါးပါး မွေးကြတယ်၊ ဒီဘက်မှာက လယ်စိုက်တာများတဲ့ ဒေသဆိုတော့ ဆိတ်ကျောင်းဖို့ စားကျက်ကလည်း မရှိသလောက် နည်းတယ်၊ ဆိတ်ဈေးကလည်း မကောင်း အရောင်းအဝယ်က လည်း သိပ်မရှိတော့ ဆိတ်မမွေးကြတော့ဘူး၊ဆိတ်က ရာသီအကူးအပြောင်းတွေမှာ ဆိတ်ရောဂါ ကလည်း ဖြစ်တတ်တော့ မမွေးတာလည်းပါတယ်" ဟု ၎င်းက ပြောသည်။
ဆိတ်မွေးမြူရေး လုပ်ကိုင်သူတချို့မှာ ကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ကြရကြောင်း ၂၀၁၉ ခုနှစ် အတွင်း ကသာ ဆိတ်များကို တရုတ်နှင့် ထိုင်းသို့ တင်ပို့ကာ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ယခုနှစ်တွင် ကိုဗစ်ဂယက်ကြောင့် ဆိတ်တင်ပို့ ရောင်းဝယ်ခြင်းများလည်း ရပ်နားထားကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ဆိတ်မွေးမြူသူတစ်ဦးက "အခုကတော့ ဆိတ်ဈေးက ခန့်မှန်ဖို့ ခက်တယ်ဗျ၊ သူတို့က ဝယ်ချင်တဲ့ ဈေးနဲ့ဝယ်တယ်၊ ရောင်းချင်းတဲ့သူကလည်း စားဝတ်နေရေး အခက်အခဲတွေ ကြုံရတဲ့အခါ ရတဲ့ဈေးနဲ့ ရောင်းနေရတယ်၊ တစ်ကောင်ကို ခုနှစ်သောင်း ရှစ်သောင်းတော့ ရောင်းရပါတယ်၊ အကောင်ကြီး တာပေါ့နော်၊ မွေးမြူရေး လုပ်လိုသူကတော့ လာဝယ်တာကို မရှိှတော့ဘူး၊ ကိုဗစ်ကလည်း ဖြစ်တော့ ဆိတ်ဈေးကတော့ အကျဘက်မှာ ရှိတယ်" ဟု ပြောသည်။
သန်းနိုင်ဦး (ငဖဲ)