ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား MASK တပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်

ရပ်စောက်      စက်တင်ဘာ      ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များသည် မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ(MASK) ကို တပ်ဆင်သွား လာစေရေး အသိပညာ ပေးခြင်း လုပ်ငန်းကို ယနေ့နံနက်()နာရီအချိန်ခန့်က မြို့လယ်နာရီစင် နှင့် မြို့မဈေးအရှေ့ဘက်အဝင်ပေါက်တွင် အရှိန်မပျက် မြှင့်တင်ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ကျန်းမာရေး အသိပညာပေးခြင်းကို ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီမံကိန်းဦးစီးဌာန၊ မြို့နယ် ပြည်တွင်း အခွန်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်း များနှင့် မြို့နယ်ကြက်ခြေနီအဖွဲ့၊ ရပ်ကွက်အုပ်ချူပ်ရေးမှူး တို့က ပူးပေါင်း၍ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် မဖြစ်မနေ (MASK) တပ်ဆင်ကြရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များ နှင့်အညီလိုက် နာကြရန် အသိ ပညာပေးဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ (MASK) တပ်ဆင်ခြင်းမရှိသော လမ်းသွားလမ်းလာ ပြည်သူများအား (MASK) ကို အခမဲ့ ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးကာလပြီး နောက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချူပ်ရေးအတွက် ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာမှုမရှိပါက တည်ဆဲ ဥပဒေ အရ အရေးယူမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စိုင်းမြတ်ကျော်စိုး(ပြန်/ဆက်)