ညောင်လေးပင်မြို့နယ်တွင် လေဘေးသင့်နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုးများ ထောက်ပံ့

ညောင်လေးပင် စက်တင်ဘာ ၁၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ညောင်လေးပင်မြို့နယ် ဦးစီးမှူးရုံးမှ   ပြိုလဲနေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး နှင့် ဆန်ရိက္ခာဘိုးများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါရုံးခန်း‌ရှေ့၌ ထောက်ပံ့ပေးခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းယုန်းမှ  စက်တင်ဘာ ၈ ရက်နေ့က ဂျောင်းတာကျေးရွာအုပ်စု၊ ဂျောင်းတာကျေးရွာတွင် ဖြစ်ပွားသော လေဘေးမှပြိုလဲနေအိမ်တစ်လုံး အတွက်  အိမ်ဆောက်ပစ္စည်းဘိုး ထောက်ပံ့ငွေကျပ်  ၁၀၀၀၀ဝိ/၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေကျပ် ၆၃၀ဝိ/၊ စုစုပေါင်းထောက်ပံ့ငွေကျပ် ၁၀၆၃၀ဝိ/ ကို ထောက်ပံ့ပေးအပ်ခဲ့‌ကြောင်း သိရသည်။
သက်လွင်(ညောင်လေးပင်)