ထီးချိုင့်မြို့တွင် ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) မဲဆန္ဒရှင်စာရင်းများကြေညာရာတွင် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် ဥပဒေ၊ နည်းဥပဒေနှင့် လမ်းညွှန်ချက်များအား ရှင်းလင်း ဆွေးနွေးပွဲကျင်းပ

ထီးချိုင့် စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့တွင် ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) မဲဆန္ဒရှင် စာရင်းများ ကြေညာရာတွင် လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ဥပဒေ၊ နည်းဥပဒေ၊  လမ်းညွှန်ချက်များအား ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ( ၁၀) နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးမိုးအောင် (ခရိုင်ဥပဒေအရာရှိ)၊ ဒေါ်ကြည်ကြည်ဌေးတို့မှ ကြီးကြပ်၍ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော လမ်းညွှန်ချက်များနှင့်အညီ ရပ်/ကျေး ကော်မရှင်များအား ဒုတိယအကြိမ် (နောက်ဆုံးအကြိမ်) မဲဆန္ဒရှင်စာရင်းကြေညာရာတွင် လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပုံစံ (၃) ၊  ပုံစံ (၄) ၊ ပုံစံ (၄-ဂ) တို့အား  ဖြည့်သွင်းရမည့်နည်းလမ်းများ ရွေးကောက်ပွဲ ကာလအတွင်း ရပ်/ကျေးကော်မရှင်များ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလမ်းညွှန်များအား သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရေးအတွက် ရှင်းလင်း ဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

အဆိုပါ ဆွေးနွေးပွဲအား ကျေးရွာအုပ်စု (၁၁) အုပ်စုမှ ရပ်/ကျေးကော်မရှင်ဥက္ကဋ္ဌနှင့်အတွင်း ရေးမှူး များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။

ရဲလင်းထွန်း ထီးချိုင့်