ကြည့်မြင်တိုင် စက်တင်ဘာ ၁၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ လက်ဘက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား စက်တင်ဘာလ ၈ ရက်နေ့မှစ၍ နောက်ထပ် ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးအတွက် အသိပညာပေး နှိုးဆော်ထားပြီး ဖြစ်သည်။
အဆိုပါ အသိပညာပေး နှိုးဆော်ထားချက်အား မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြိုနယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)