ဝက်လက် စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ဝက်လက်မြို့တွင် ယနေ့ နံနက် (၉)နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့် ပွားမှု များသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များမှ တဆင့် ပြည်တွင်း ကူးစက်နိုင်ကြောင်း သိရပြီး၊ ရောဂါ ကူးစက်မှု မရှိစေရေးအတွက်၊ ဝက်လက်မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော အဆိုပါ ဆိုင်များကို ယနေ့ နံနက်ပိုင်း က ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ရာတွင်၊ ဝက်လက်မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များနှင့် ဝန်ထမ်းမျာ၊ သက်ဆိုင်ရာ ဌာန ဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ထားခြင်း ရှိ၊မရှိ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
စိုးစိုးလှိုင် (ဝက်လက်)