ပဲခူး စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ယဉ်ယဉ်ပြုံးနှင့် ဝန်ထမ်းများသည် စက်တင်ဘာလ(၁၁) ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးမြို့၊ လိပ်ပြာကန်ရပ်ကွက်အတွင်းမှ လူမှုရေး ပင်စင်ခံစားနေသည့် အဘိုးအဘွား များထံသို့ စတုတ္ထသုံးလပတ်အတွက် ထောက်ပံ့ငွေများကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရွှေဝင်းနှင့်အတူ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ကြကြောင်း သိရသည်။
ထောက်ပံ့ငွေများပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးနှင့်အဖွဲ့သည် လိပ်ပြာကန်ရပ်ကွက်အတွင်းရှိ လူမှုရေးပင်စင်ခံစားနေသည့် အဘိုးအဘွား များထံသို့ အိမ်တိုင်ရာရောက်သွားရောက် ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စတုတ္ထ(၃) လပတ် ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလ (၃)လ အတွက်ထောက်ပံ့သည့်ငွေ(၃)သောင်းကျပ် အား ထောက်ပံ့ ပေးအပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
လိပ်ပြာကန်ရပ်ကွက်အတွင်း၌ အသက်(၈၅)နှစ်ပြည့် စတုတ္ထ(၃)လပတ် လူမှုရေးပင်စင်ခံစားရရှိသည့် အဘိုးအဘွား များမှာ အဘိုး(၁၈)ဦး၊ အဘွား(၃၅)ဦး စုစု ပေါင်း(၅၃)ဦးရှိကြောင်း သတင်းရရှိသည်။
ဟိန်းထက်(ပဲခူး)