စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဆိုင်ထိုင်ရောင်းချခွင့်ပြုသည့် ဆိုင်များအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ရောင်းချမှု ရှိမရှိ စစ်ဆေး

ဖောင်းပြင် စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီက မြို့မစည်ပင် သာယာဈေး အတွင်းနှင့် ဈေးပြင်ပတို့၌ ဆိုင်ထိုင်ရောင်းချသူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် တားဆီးရေးအတွက်  ကျန်းမာရေးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချ နိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း၌ စားသောက်ဆိုင်များနှင့် လက်ဘက် ရည်ဆိုင်များအား စည်းကမ်းချက် များနှင့်အညီ ရောင်းချခြင်းရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ဆိုင်ရှင်များ အနေဖြင့် ဆိုင်ထိုင်စားသောက်မည့်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေး လမ်းညွှန် ချက်များအတိုင်း နေရာချ ပြင်ဆင်ထားမှုအခြေအနေများ၊ ဆိုင်အတွင်းသို့ ဝင်ရောက်လာသူများအား လက်များစနစ်တကျဆေး ကြောသန့်စင်နိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံစစ်ဆေးကြသည်။ အဆိုပါ စစ်ဆေး ဆောင်ရွက်မှုများကို အပါတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)