ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ (ဒုတိယအကြိမ်)မိုးစပါးမျိုးစေ့ထုတ်တောင်သူများကို ထောက်ပံ့ငွေပေးအပ်

အောက်မင်းလှ   စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် အရ (ဒုတိယအကြိမ်)မိုးစပါးမျိုးစေ့ထုတ်တောင်သူများ အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို စက်တင်ဘာ ၁၁ ရက် နံနက် နာရီက သရက်တပင်ကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှု စခန်း၌ ပြုလုပ်သည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွှန့်ကအမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးထွန်းထွန်းအောင်က ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသောစီးပွားရေး ကျဆင်းမှု အားကုစားနိုင်ရေး ရည်ရွယ်၍မျိုး ကောင်းမျိုးသန့်လုံလောက်စွာထုတ် လုပ်ပေးနိုင်ရေးအတွက် မျိုးစေ့ထုတ် တောင်သူများကို ထောက်ပံ့ငွေများပေးအပ်ရခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် ရရှိရေးအတွက် နည်းစနစ်တကျ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် မင်းလှမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်လုပ်နေသော တောင်သူ() ဦးကို   တစ်ဧကလျှင် ၆၅၀၀၀ ကျပ်နှုန်းဖြင့် လယ်ဧက (၃၀) အတွက်ငွေကျပ် (၃၂၅၀၀၀)ကို ဒုတိယအကြိမ်အဖြစ် တာဝန်ရှိသူများ က  တောင်သူများ ကိုပေးအပ် ခဲ့ကြောင်းသိရသည်။

ပေါက်စ မင်းလှ