ထန်းတပင်(ပဲခူး) စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု(CERP)အစီအစဉ်အရ ထန်းတပင်မြို့နယ်အတွင်းရှိ မျိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဇရပ်ကြီးကျေးရွာ စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုစခန်းတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ်- ၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်များမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတိုစီမံချက်ဖြစ်သည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်အရ တစ်နိုင်ငံလုံး၌ မျိုးစေ့ထုတ်ဧကများစွာ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ရာ ထန်းတပင် မြို့နယ်အတွင်း၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မိုးစပါးမျိုးစေ့ထုတ်ဧက စုစုပေါင်း (၆၇၈)ဧကအတွက် ပထမအကြိမ် သိန်း(၁၀၀၀၆၈၉၀၀၀/) ကျပ်အား ဩဂုတ်လ ၂၁ ရက်နေ့တွင် ပေးအပ်ခဲ့ပြီး ယခုဒုတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ကျပ်သိန်း (၄၄၀၇၀၀၀၀/) တိတိအား မျိုးစေ့ထုတ်တောင်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးမှူး ဦးကိုကိုစိုးထံမှ သိရသည်။
ထို့သို့ထောက်ပံ့ပေးအပ်ရာတွင် ကျေးရွာအုပ်စု(၁၈)အုပ်စုမှ မိုးစပါးမျိုးစေ့ထုတ် တောင်သူ(၁၉၃)ဦးတို့ အား ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)