ဝေါ စက်တင်ဘာ ၁၁
ဝေါမြို့နယ်တွင် စက်တင်ဘာ ၁၁ ရက်မွန်းလွဲ၁နာရီအချိန်က ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ကျန်းမာရေးသုံး ပစ္စည်းများကို UNLIMITED CHANNEL CO.,LTDမှလာရောက်၍လှူဒါန်းခဲ့ကြကြောင်းသိရသည်။
ယခုအခ ဖြစ်ပွား လျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် COVID19ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် UNLIMITED CHANNEL CO.,LTDမှ Dettol 1.8L-(၅၀)ဘူးနှင့်Level-2 PPE-(၁၀)ခုနှင့် UNITED INTERNATIONAL PHARMA CO.,LTDမှ ဝေါမြို့နယ် ဆေးရုံဝန်ထမ်းများအတွက် ENERVON-C TABLET-(၅၀၀)လုံးကို ဆက်စပ်လူနာများ၊ ထိတွေ့လူနာများ သယ်ယူ ပို့ဆောင်ရာတွင်အန္တရာယ်မဖြစ်စေရေး စောင့်ကြည့်လူနာများရောဂါမပြန့်ပွားစေရန်အသုံးပြုနိုင်ရေး အလှူရှင် များက ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ်ဦးမျိုးကြည်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာကျော်မိုးနိုင်တို့က လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြတ်လင်း(ပြန်/ဆက်)