ဒဂုံမြောက် စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက် (၂၇)ရပ်ကွက်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွယ်များ ပိတ်ဆို့၍ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လူဝင်၊ လူထွက် စိစစ်ခြင်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်(၂၇)ရပ်ကွက်ရှိ လမ်းသူ လမ်းသားများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ လမ်းသွယ်များ ပိတ်ဆို့၍ လူဝင်၊ လူထွက် စိစစ်ခြင်း၊ ကိုယ်အ ပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များအား လိုက်လံနှိုးဆော်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ပေါင်းစပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)