ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ ရောဂါကူးစက် ပျံ့နှံမှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ဒဂုံမြောက် စက်တင်ဘာ ၁၁

၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်၌ (COVID-19)ကူးစက်ရောဂါ အတည်ပြုလူနာများ တွေ့ရှိခဲ့ရပြီး ၎င်းတို့မှ ဆင့်ပွားကူးစက်သူများသည် အခြား တိုင်း ဒေသကြီး နှင့် ပြည်နယ်များသို့ ပျံ့နှံ့ရောက်ရှိခဲ့သဖြင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် (COVID-19) ရောဂါ ကူးစက် ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မိုးက မြို့နယ်အတွင်းရှိ လမ်းသွယ်များ နှင့် လမ်းမများအား အဝင်အထွက်၊ သွားလာမှုများ စိစစ်ဆောင်ရွက်ရန်၊ မလိုအပ်ဘဲ ခရီးသွား လာခြင်းမပြုကြရန်၊ ပြည်သူများ နေအိမ်တွင်သာ  နေထိုင်ကြရန်(Stay At Home) မိမိတို့ရပ်ကွက်၊ လမ်းများတွင် နေထိုင်သည့် ပြည်သူများ ဖျားနာမှုရှိပါက သတင်းပို့၍ ကျန်းမာရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ မြို့နယ်အတွင်းရှိ စျေးများကိုလည်း စားသောက်ကုန်နှင့် သားငါး၊ ကုန်စိမ်းဆိုင်များသာ ဖွင့်လှစ်သွားရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရန်တို့ကို ပြည်သူများ သိရှိစေရန် စဉ်ဆက် မပြတ်နှိုးဆော် ဆောင်ရွက်ရန် တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်() တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးတင်ထွန်းနိုင်မှ ပြည်သူများမှ ထုတ်ပြန်ထားသော အမိန့်အမှတ် (၁၀၂/၂၀၂၀) ကို ပြည်သူများ တိကျစွာလိုက်နာဆောင်ရွက်ရန်အတွက် အသိပေးနှိုး ဆော်မှုများကို ရပ်ကွက်အုပ်ချုပ်ရေး မှူးများမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် ပူးပေါင်း ဆောင် ရွက်သွားရန်ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာသော မြို့နယ်၊ ရပ်ကွက် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဝင်များမှ ကဏ္ဍအလိုက်ဆွေးနွေးခဲ့ပြီး ညနေ နာရီခွဲတွင် ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)