မြင်းမူမြို့နယ်အတွင်း ကျောက်ဖရုံပင်များ စီးပွားဖြစ်စိုက်ပျိုး

မြင်းမူ စက်တင်ဘာ ၁၁

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မိရိုးဖလာတောင်သူလုပ်ငန်း များအပြင် ယခုအခါ အခြားဈေးကွက်ဝင်သီးနှံဖြစ်သည့် ထိုင်ဝမ်ကျောက်ဖရုံပင်များကို စင်ဖြင့်တင်ကာ  စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လာကြောင်း သိရှိရသည်။

ထိုင်ဝမ်ကျောက်ဖရုံပင်မျိုးမှာ အစိုဓါတ်ရရှိပါကရာသီမရွေးစိုက်ပျိုးနိုင်သောအပင်မျိုးဖြစ်ကြောင်း တစ်ပင်နှင့်တစ်ပင် ပင်ကြား(၄ပေခွဲ)နှင့်တန်းကြား(၁၂ပေ)ထားရှိရကြောင်း၊ အပင်သက်တမ်းမှာ အသီး(၂) ကြိမ်ခူးယူပြီး ချိန်အထိဖြစ်ကြောင်း၊ လည်ကောင်း   ခြံတွင်လက်ရှိ အပင်(၂၀၀)ကို     စိုက်ပျိုးထားရှိကာ တစ်ကြိမ်ခူးယူရောင်း ချပြီးဖြစ်ကြောင်း၊ ဆေးဖိုး၊ လုပ်အားခအပါအဝင် ခြံပြုလုပ်ခများနှုတ်ယူပြီး အသား  တင်အမြတ်မှာ  (၅) သိန်းကျော် ရရှိကြောင်း၊ အသီးများကို (၈) လ အကြာ ဒုတိယအကြိမ်ခူးယူ ရောင်းချပြီးပါက အပင်များကိုရှင်းလင်း၍ မြေပြုပြင်ခြင်း ပြုလုပ်ကာ အပင်အသစ်များ ဆက်လက်စိုက်ပျိုးရနိုင်၍ နှစ် ပါတ်လည်      စိုက်ပျိုးနိုင်ပြီး   နှစ်ပတ်လည် ဝင်ငွေရရှိနိုင်သည့်   အပင်မျိုးဖြစ်ကြောင်း၊ မြင်းမူမြို့နယ်၊  အလ္လကပ္ပ ကျေးရွာမှ ထိုင်ဝမ်ဖရုံသီး    စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်နေသူ ခြံပိုင်ရှင်      ဦးအောင်ဝင်းထံမှ သိရှိရသည်။

ယခုအခါ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာအနီး တစ်ဝိုက်တွင်၊   ထိုင်ဝမ်ကျောက်ဖရုံ စိုက်ပျိုးသည့် ဒေသခံတောင်သူ များပြားလာလျက်ရှိကြောင်း သိရှိရသည်။

အောင်စိုးဖေ(မြင်းမူ)