ဝိုင်းမော်၊ စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ် ကြေညာထားသည့်စာရင်းများကို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်သည့်လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီး ပိုမိုပြည့်စုံမှန်ကန်မှုရှိစေရန်အတွက် ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ပထမအကြိမ်မဲစာရင်း ပြင်ဆင်ထားသည်များကို စစ်ဆေးလျက်ရှိကြောင်း သိရသည်။
မဲဆန္ဒစာရင်း ပြည့်စုံမှန်ကန်ရေးစေအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး၊ ဒုတိယအကြိမ် မဲစာရင်းများကို စက်တင်ဘာလ (၂၀)ရက်နေ့တွင် ကြေငြာသွားမည်ဖြစ်ကြောင်း ဝိုင်းမော်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ရှစ်သောင်း ကျော်ရှိပြီး၊ ရပ်ကွက်ကျေးရွာ အုပ်စု(၄၀)အုပ်စု၌ မဲရုံပေါင်း (၅၈)ရုံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဝိုင်းမော်အခြေပြုပါတီ (၁၃)ပါတီမှ ကိုယ်စားလှယ်လောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၁၀)ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၂) တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၂)ဦး၊ ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း(၁၃)ဦး၊ ဝိုင်းမော်မြို့နယ် မဲဆန္ဒ နယ်အမှတ်(၂)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း (၁၀)ဦး၊ ဗမာတိုင်းရင်းသားလူမျိုး ကိုယ်စား လှယ်လောင်း (၇)ဦး၊ ရှမ်းတိုင်းရင်းသား လူမျိုးကိုယ်စားလှယ်လောင်း (၈)ဦး၊ လီဆူတိုင်းရင်းသား လူမျိုးကိုယ်စားလှယ်လောင်း(၈)ဦး၊ ရဝမ်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်း (၆)ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း (၇၄)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)