ဖားဆောင်းမြို့နယ် မြို့အဝင်/ အထွက် ပူးပေါင်း စစ်ဆေးရေး ဂိတ်၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဖားဆောင်း စက်တင်ဘာ ၁၁

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် ခရီးသွား ပြည်သူများ ၊ ဒေသခံ ပြည်သူများ ၊ COVID-19 ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် (၈) နာရီ အချိန်က မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ကော်မတီ ဝင်များက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ကော်မတီဝင်များက ပူးပေါင်း ကျန်းမာရေး စစ်ဆေးသည့် ဂိတ်တွင် တာဝန်ကျ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ အဝေးပြေး ယာဉ်လိုင်းများ၊ အိမ်စီးယာဉ်ငယ်များ၊ မော်တော် ဆိုင်ကယ်များဖြင့် ဖြတ်သန်း သွားလာ နေကြသည့် ခရီးသွား ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းနှင့် လက်ကို မကြာခဏ သန့်ရှင်း စင်ကြယ်စွာ ဆေးကြောရန် အစရှိသည့် ကျန်းမာရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း MASK တပ်ဆင်ခြင်း မရှိပါက ချက်ချင်း ဝယ်ယူ တပ်ဆင် စေခြင်း၊ ပြည်နယ် ပြင်ပမှ ပြည်နယ် အတွင်း ဝင်ရောက်လာသည့် ခရီးသွား ပြည်သူများအား ခရီးသွား ထောက်ခံ ချက် ပါ/ မပါ စစ်ဆေးခြင်း စသည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် နေ့စဉ် ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး စနစ်တကျ ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက် များကို ပြည်သူများ လိုက်နာ ဆောင်ရွက်ရေး အတွက် ကြပ်မတ် ဆောင်ရွက်ရန် ထူးခြားမှုများ ရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)