ကလိန်အောင်၊ စက်တင်ဘာ ၁၂
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး သိမှတ်ဖွယ်ရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ ကြိုတင်သတိပြု ကာကွယ်နိုင်စေရေးနှင့် ဆောင်ရန်၊ ရှောင်ရန် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသမှုကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါမြေစိုက်နံရံကပ်ပြဘုတ်တွင် မြန်မာနိုင်ငံအတွင်း ရောဂါပိုးတွေ့ရှိသူများလာသဖြင့် မိမိတို့မြို့ နယ်အတွင်း ရောဂါကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကိုရိုနာဗိုင်းရပ် (စ်) ရောဂါနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပေးနှိုးဆော်ချက်၊ သတင်းထုတ်ပြန်ချက်၊ ပြည်ပမှ ပြန်လာသူများ၏အတူနေမိသားစုဝင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ နှာချေ၊ ချောင်းဆိုးသည့်အခါ တိုင်းလိုက်နာရမည့် ကျင့် ဝတ်များ၊ အသိပညာပေးမှတ်တမ်းများ၊ ကိုဗစ်-၁၉ မပြန့်ပွားဖို့ မိမိကစ၍ကာကွယ်စို့ သတင်းစကား လက်ကမ်းစာစောင်များ၊ နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသဆောင်ရွက်လျက် ရှိသည်။
မိုးမိုးခိုင်(ကလိန်အောင်၊ပြန်/ဆက်)