ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Mask နှင့် PPE ဝတ်စုံများ ပေးအပ်လှူဒါန်း

ဟုမ္မလင်း စက်တင်ဘာ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဟုမ္မလင်းမြို့နယ် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဆရာ၊ ဆရာမများမှ Mask နှင့် PPE ဝတ်စုံများ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်၌ ဟုမ္မလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဆရာ ဒေါက်တာ စိုင်းအောင်ဌေး က ၎င်းအသင်းဖွဲ့စည်း၏ လုပ်ငန်းစဉ် ရည်ရွယ်ချက်နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Mask နှင့် PPE ဝတ်စုံများ ပေးအပ် လှူဒါန်းခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဟုမ္မလင်းမြို့နယ် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဆရာ၊ ဆရာမများမှ ကျပ် ၅၂၀၀၀၀ တန်ဖိုးရှိ Mask ၅၀ ပါ ဗူး ၁၀၀နှင့် PPE ဝတ်စုံ ၁၅ စုံတို့ကိုပေးအပ်လှူဒါန်းရာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးထင်ကျော်က လက်ခံရယူကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ချန်လော ( ဟုမ္မလင်း )