မိတ္ထီလာမြို့နယ်တွင် Quarantine ဝင်ရောက်နေသူ ၂၉ ဦး၏ ဓါတ်ခွဲနမူနာများ စစ်ဆေးရန်ပေးပို့ထား

မိတ္ထီလာ၊ စက်တင်ဘာ ၁

မိတ္ထီလာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာCommunity Based Facility Quarantine Centre များတွင် Quarantine ဝင်ရောက်နေသူ ၂၉ ဦး၏ ဓါတ်ခွဲနမူနာများကို ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ယမန်နေ့က ပေးပို့ထားကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာQuarantine Centre ဝင်ရောက်နေသူ အမျိုးသား ၂ဝ ဦးနှင့် အမျိုးသမီး ၉ ဦး၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးနိုင်ရန် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပေးပို့ထားခြင်း ဖြစ်သည်။

မိတ္ထီလာမြို့နယ်Quarantine Centre နှစ်ခုမှ   ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့သော အတည်ပြုလူနာ အမျိုးသားတစ်ဦး (၃၃)နှစ်၊ အမျိုးသမီးတစ်ဦး (၃ဝ)နှစ်၊ ကလေး(မ) (၆)နှစ်တစ်ဦးနှင့် အမျိုးသားတစ်ဦး (၅၂နှစ်)တစ်ဦး စုစုပေါင်း ၄ ဦးအား ခရိုင်ပြည်သူ့ဆေးရုံကြီး အထူးရောဂါ ကုသဆောင်တွင် ထားရှိကုသပေးလျက်ရှိပြီး လက်ရှိအချိန်တွင် ၎င်းလူနာများ၏ ကျန်းမာရေးမှာကောင်းမွန်လျက်ရှိကြောင်း သိရသည်။

ချမ်းသာ (ပြန်/ဆက်)