ကြံခင်း စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း-ဟင်္သာတ-ပုသိမ်လမ်းပိုင်း၌ (၁၈၁) အဆန်နှင့် (၁၈၂)အစုန်အမြန်ရထားပြေးဆွဲခြင်းကို စက်တင်ဘာလ (၁၃)ရက်နေ့မှစတင်၍ ယာယီရပ်နား ထားမည်ဖြစ်ကြောင်း သိရသည်။
လတ်တလော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ မူဝါဒလမ်းညွှန်ချက်နှင့် အညီ ရထားပြေးဆွဲခြင်းလုပ်ငန်းများကို ထိန်းချုပ်ကွပ်ကဲလျက်ရှိပြီ အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း-ဟင်္သာတ-ပုသိမ်လမ်းပိုင်း၌ (၁၈၁)အဆန်နှင့်(၁၈၂) အစုန်အမြန်ရထားပြေးဆွဲခြင်း၊ (၁၈၅)အဆန်နှင့်(၁၈၆) အစုန်စာပို့ရထား ပြေးဆွဲလျက်ရှိရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ရောဂါ ကူးစက်ပျံ့နှံ့မှုအန္တရာယ်မှကင်းဝေးစေရန် အမြန်ရထား ပြေးဆွဲမှု အား ယာယီရပ်နားထားကြောင်း သိရသည်။
ထိုသို့ရပ်နားထားစဉ်အတွင်း ခရီးသွားပြည်သူများသွားလာရေး အဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန် (၁၈၅)အဆန်နှင်(၁၈၆)အစုန်စာပို့ရထားကို တွဲကြီး(၆)တွဲ ၊တွဲလေး(၁ )တွဲ၊ပါဆယ်(၁)တွဲ၊ ဘရိတ်(၁)တွဲချိတ်ဆွဲ ပြေးဆွဲမှာဖြစ်ပြီး ခရီးသည်တစ်ဦးလျှင် လက်မှတ်(၁)စောင်နှုန်း ရောင်းချသွားလာခွင့်ပြုမှာဖြစ်ပြီး ထိုင်ခုံ(၂)နေရာ စီစဉ်ပေးထားကြောင်း၊ နှာခေါင်းစည်းMask တပ်ဆင်သူများကိုသာ လက်မှတ်ရောင်းချသွားလာခွင့်ပြုမှာ ဖြစ်ကြောင်း၊ ခရီးသွားပြည်သူများ သက်သောင့်သက်သာ သွားလာနိုင်ရန် (Social Distancing)နေရာခြား သတ်မှတ်ပေးခြင်းများ ဆောင်ရွက်ထားကြောင်း ကြံခင်းမြို့နယ် မီးရထားရုံပိုင်ကြီး ဦးမောင်မောင်ဦးထံမှ သိရသည်။
မိုးမိုး(ပြန်/ဆက်)