ရေကြည်မြို့နယ်ရှိ ကြေးတိုင်အင်းများအတွင်း ငါးမျိုး(၁၃၅၀၀၀)စိုက်ထည့်

ရေကြည်   စက်တင်ဘာ   

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဂရန်အင်းများ ရေရှည်တည်တံ့ပြီး ငါးထုတ် လုပ်မှု တိုးတက် မြင့်မားလာစေရန ်ရည်ရွယ်၍ ငါးမြစ်ချင်း ၊ငါးဖျန်း ငါးသားပေါက်ကောင်ရေ (၁၃၅၀၀၀) စိုက်ထည့်ခြင်း အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မန်နေ့နံနက်()နာရီခွဲ အချိန်က အသုတ်ချောင်းမကြီးအင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ အမှတ်()တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးညွှန့် ၊ ဧရာဝတီ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးသော်ထွန်းဦး ၊ ပုသိမ်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးအေးနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်း ၊ မြို့နယ်ငါးလုပ် ငန်းဦးစီးဌာနမှူး ဦးမျိုးလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြေးတိုင်အင်းစိစစ်ရေး ကော်မတီဝင် များ၊ အင်းသားကြီးများ တက်ရောက်ခဲ့ပြီး ကြေးတိုင်အင်း()အင်း တွက် ငါးမြစ်ချင်း၊ ငါးဖျန်း၊ ငါးသားပေါက် ကောင်ရေ (၁၃၅၀၀၀) ကို အင်းသားကြီးများထံ လွှဲ‌ပြောင်းပေးပြီး ငါးမျိုးစိုက်ထည့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)