ရိခေါ်ဒါရ် စက်တင်ဘာ ၁၃
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့် အရေးလိုင်စင်လုပ်ငန်း နှစ်မျိုးအား အခြားနည်းဖြင့် ရောင်းချရမည့် ကြော်ငြာစာကို စက်တင်ဘာလ ၁၁ ရက်မှစ၍ ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ကြော်ငြာစာ ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှစ်မျိုးမှာ ဝက်သားသတ် လိုင်စင်နှင့် မြို့ဝင် ဘီးကောက် လိုင်စင် တို့ဖြစ်ပြီး အဆိုပါလိုင်စင်နှစ်မျိုးအား အခြားနည်းဖြင့်ဝယ်ယူလိုသူများ ရှိပါက ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေး အဖွဲ့ရုံးသို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ စက်တင်ဘာလ ၁၁ ရက်မှ ကြော်ငြာစာထုတ်ထားပြီး ကြော်ငြာစာ ထုတ်ပြန်သည့်ရက်မှ ငါးရက်အတွင်း (စက်တင်ဘာလ ၁၆ ရက်အတွင်း) စည်ပင်သာယာရေးအဖွဲ့ ရုံးသို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ကြော်ငြာစာများကို ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စည်ပင်သာယာရေးအဖွဲ့ရုံး၊ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံး၊ အမှတ်(၁)နှင့် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ကြော်ငြာ ပြဘုတ် များတွင် ကပ်ထားကြော်ငြာထားပြီး ၎င်းလုပ်ငန်း လိုင်စင်ကိစ္စ အသေးစိတ်သိရှိလိုပါက ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးရုံး၊ ဖုန်းအမှတ် - ၀၉၄၀၀၃၁၁၇၅၅ နှင့် ၀၉၆၇၇၀၄၄၂၈၉ သို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)