သထုံ စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၅၆)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ရဲတပ်ဖွဲ့ ဝင်များ စုပေါင်းကာ ယမန်နေ့ နံနက်က သထုံမြို့၏ကျက်သရေဆောင် ရွှေစာရံစေတီတော်မြတ်ကြီး ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သထုံခရိုင်ရဲတပ်ဖွဲ့မှုး ဒုတိယရဲမှူးကြီး ဇော်လင်းသိန်း ဦးဆောင်ကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၇၈)
ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်မင်းသူနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၆၀) ခန့်တို့က ရွှေစာရံ စေတီတော်မြတ်ကြီး ရင်ပြင်တော် သန့်ရှင်းရေး၊ စေတီတော်မြတ်ကြီးနှင့် အရံစေတီတော်များ သန့်ရှင်းခြင်း၊ ရေညှိများ အမှိုက်သရိုက်များနှင့် ခြုံနွယ်သစ်ပင်များ ရှင်းလင်းခြင်း စသည်တို့ကို စုပေါင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်