ပလက်ဝမြို့တိုက်ပွဲရှောင်စခန်းများရှိ ပြည်သူများအား ထောက်ပံ့ကြေးပေးအပ်

မင်းတပ် စက်တင်ဘာ

ချင်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးထက်နှင့် အဖွဲ့သည် စက်တင်ဘာလ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပလက်ဝမြို့တိုက်ပွဲရှောင် စခန်းများသို့ သွားရောက်ပြီး တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့ရှိ ကင်ဝ၊ စိမ်းစင်း၊ တိန်းလက်ဝ၊ တမန်းသား တိုက်ပွဲရှောင်စခန်း()ခုရှိ အိမ်ထောင်စု (၁၁၁၃)စု အတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် (၄၄၅၂၀၀၀၀)ကို ချင်းပြည်နယ် စည်ပင်သာယာရေး၊လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးထက်၊ ချင်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှူး ဦးမင်းသိန်းတို့က ပေးအပ်ခဲ့သည်။

ထို့နောက် ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်နှင့်အဖွဲ့သည့် ကင်းဝရပ်ကွက်ရှိ ကုလားတန်မြစ် ကူးတံတားတည်ဆောက်မှုနှင့် ကင်းဝ(..က) ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ကျော်(ပြန်/ဆက်)