မိုင်းလုံမြို့၌ တရုတ်နိုင်ငံမှပြန်လာသူ နေရပ်ပြန်(၉)ဦးထံမှ နှာခေါင်းနှင့် အာခေါင် တို့ဖတ်စစ်ဆေးချက်အဖြေများ ထုတ်ပြန်
ကိုဗစ်−၁၉ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းလုံမြို့တိုက်နယ် ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ ဒေါ်သီရိနောင်နှင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေးကော်မတီဝင်များပူးပေါင်း၍ တရုတ်နိုင်ငံမှ အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသူ နေရပ်ပြန်(၉)ဦးထံမှ (၁၁.၉.၂၀၂၀)ရက်နေ့က အာခေါင်တို့ဖတ်နမူနာ ရယူခဲ့ကြောင်း သိရသည်။