စလင်း စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ရှိ မြို့နယ်အားကစားကွင်းနှင့် ရွှေမန်း ဟိုတယ်တို့တွင် Facility Quarantine ဝင်ရောက်နေသူများအား ဓာတ်ခွဲနမူနာ စစ်ဆေးရန် နှာခေါင်း၊ လည်ချောင်းအာခေါင် တို့ပတ်များကို ယနေ့ နံနက် ၉ နာရီအချိန်က ဒုတိယအကြိမ် ရယူစစ်ဆေးခဲ့သည်။
စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားကွင်းတွင် Facility Quarantine ဝင်ရောက်နေသူ (၄)ဦးနှင့် ရွှေမန်းဟိုတယ်တို့တွင် Facility Quarantine ဝင်ရောက်နေသူ (၁၅)ဦးတို့၏ နှာခေါင်း၊ လည်ချောင်းတို့ဖတ်နမူနာတို့ကို စက်တင်ဘာ ၆ ရက်နေ့တွင် ပထမအကြိမ် စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိခြင်းမရှိခဲ့ပေ။ ယခု စက်တင်ဘာ ၁၃ ရက်နေ့တွင် ဒုတိယ အကြိမ် ဓာတ်ခွဲစစ်ဆေးနိုင်ရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာ ရေးမှူး ဦးမင်းမင်းထွန်း နှင့် ကျန်းမာရေးဝန်ထမ်းများက နှာခေါင်း၊ လည်ချောင်းအာခေါင် တို့ပတ်များ ရယူခဲ့ကြောင်း သိရသည်။
မောင်လွင်(ပြန်/ဆက်)