မတ္တရာ စက်တင်ဘာ ၁၃
ကိုဗစ် ၁၉ရောဂါကူးစက်မှုလျော့နည်းပပျောက်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်များ၊ အရက်ဆိုင်များ၊ ဘီယာဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် လူစုလူဝေးများမဖြစ်ပေါ်စေရေးအတွက် အစားအသောက် ရောင်းချသည့် ဆိုင်များအားလုံး ဆိုင်ထိုင်စား ရောင်းချခြင်းအား ယနေ့မှစ၍ ယာယီပိတ်သိမ်းပြီး ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ထို့သို့ ထုတ်ပြန်ကြေငြာချက်အား အသံချဲ့စက်ဖြင့် နှိုးဆော်အသိပေးခြင်း၊ ထုတ်ပြန် ကြေညာချက် များအား အစားအသောက်ရောင်းချသည့်ဆိုင်များသို့ ပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ကြေညာချက်များအား လိုက်နာဆောင်ရွက်မှုရှိစေရေးအတွက် မတ္တရာ မြို့နယ်စည်ပင် သာယာရေး အဖွဲ့နှင့် တာဝန်ရှိသူများမှ လိုက်လံစစ်ဆေး အသိပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)