ရန်ကုန် စက်တင်ဘာ ၁၃
ရန်ကုန်အရှေ့ပိုင်းခရိုင်သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအားလူမှုရေး ပင်စင် ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်းက အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလအတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် သုံးလစာ ငွေကျပ်(၃၀၀၀၀)ကို သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရပ်ကွက်(၃၈)ရပ်ကွက် မှ သက်ကြီး ဘိုးဘွား (၁၀၆၀)ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ထောက်ပံ့ငွေများ ကို အိမ်တိုင်ရာရောက် ဘိုးဘွားများ လက်ဝယ်ထံသို့ လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)