ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ခိုလမ်မြို့ ပြည်သူ့စာကြည့်တိုက်အား ယာယီပိတ်ထား

ခိုလမ်  စက်တင်ဘာ  ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊  ခိုလမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ပြည်သူ့စာကြည့်တိုက်ကို  ကိုဗစ် - ၁၉  ရောဂါ ကူးစက်ပြန့်နှံ့မှုများ မရှိစေရေး နှင့် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြင်ပမှ လူဝင်လူထွက်တားမြစ်သည့် အနေဖြင့် ခိုလမ်မြို့ ပြည်သူ့ စာကြည့်တိုက်ကို စက်တင်ဘာ (၉) ရက်နေ့မှ စတင်၍ ယာယီပိတ်ထားကြောင်း သိရှိရသည်။

အဆိုပါ ပြည်သူ့စာကြည့်တိုက်ကို ယာယီပိတ်ထားခြင်းကြောင့် ပြည်သူဗဟိုပြု အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ခိုလမ်မြို့ပြည်သူ့ စာကြည့်တိုက် Facebook  page နှင့် IPRD  kholam Facebook page များတွင် Online စနစ်ဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း ၊  စာအုပ်စာပေများ မိတ်ဆက်ခြင်း ၊ ပုံပြင်ပြောမယ် နားထောင်ကွယ် အစီအစဉ်များဖြင့် ကလေးများအား ဝန်ဆောင်မှု ပေးခြင်း ၊ စက္ကူအရုပ်ခေါက်နည်း တင်ဆက်ခြင်း  ၊ Online နံရံကပ် စာစောင်များပြသခြင်း ၊ နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေသော သတင်းများအား အများပြည်သူ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရေး အတွက် သတင်းထုတ်ပြန်ပေးခြင်း များ စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ 

ခင်လေးဝင်း