မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

မိုင်းစံ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းစံမြို့တွင် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက် ၍စစ်ဆေးရေး ဂိတ်တာဝန်ကျသူများ အနေဖြင့် ခရီးသွားပြည်သူများအား သေချာစီစစ်ဆောင်ရွက်ကြရန်၊ နှာခေါင်း စည်းတပ်ဆင်ခြင်း မရှိသူများအား ဒဏ်ရိုက် စနစ်ဖြင့်ဆောင်ရွက်သွားရန်၊ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ ဒေသန္တရ အမိန့်များ နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ညစဉ်ဆော်သြကြရန်၊ မြို့တွင်းအဝင် အထွက်နှင့်ပတ်သက်၍ သေချာစီစစ်ရေး နှင့် နှာခေါင်းစည်းတပ်ဆင် သွားလာမှု ရှိ/မရှိ လှည့်လည်စစ်ဆေးခြင်းများကို (၃)ရက်တစ်ကြိမ် ဆောင်ရွက်ကြရန်၊ စသည့် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားကြမည့်​​ ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်ခဲ့ကြသော ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပူးပေါင်း အဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မိမြို့ဖများက ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခင်ချို (ပြန်/ဆက်)