ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးခြင်းနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲ Online ဖြင့် ဆောင်ရွက်

ကော့ကရိတ် စက်တင်ဘာ ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွင်ကလေးသူငယ် အခွင့်အရေး များ  ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲ နှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြ ပွဲကို Online ဖြင့် ဆောင်ရွက်ခြင်းကို ယမန်နေ့(၂)နာရီအချိန်က အဆိုပါရုံး၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းရှိန်က ကိုဗစ်၁၉ ကာလ ဖြစ်သည့် အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို Talk Show အစီ စဉ်ဖြင့် Online မှတစ်ဆင့် ပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ် ဥပဒေအရာရှိ​ ဒေါ်အင်ကြင်းဦးမှ က​လေးသူငယ်များ၏အခွင့်အ​​ရေး၊ က​လေးသူငယ် ဥပဒေအရအရေး ယူနိုင်သည့် ပြစ်မှု ပြစ်ဒဏ်များ၊ ဥပဒေပုဒ်မများ အကြောင်းဆွေးနွေး ပြောကြားပြီး အမျိုးသမီးရေးရာ အဖွဲ့ဝင်ဒေါ်တင်တင်ဦးမှ က​လေးသူငယ် ကာကွယ်​စောင့်​ရှောက်​ရေးအတွက် သိရှိလိုက်နာရမည့်အချက်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း (ခရိုင်ပြန်/ဆက်)