မိုင်းကိုင်မြို့နယ်၊ ဖာခေါင်ကျေးရွာအုပ်စု၊ လွယ်လမ်ကျေးရွာ၌ မြေပြိုမှုဖြစ်ပွား

မိုင်းကိုင် စက်တင်ဘာ  ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၊ ဖာခေါင်ကျေးရွာအုပ်စု၊ လွယ်လမ်ကျေးရွာ၌  စက်တင်ဘာ လအတွင်း  မိုးအဆက် မပြတ်ရွာသွန်း မှုကြောင့်  ယမန်နေ့  ည ၁၂ နာရီ အချိန်က  မြေပြိုမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း  သိရှိရသည်။

အဆိုပါမြေပြိုမှုကြောင့်   ဖာခေါင်ကျေးရွာအုပ်စု၊ လွယ်လမ်ကျေးရွာနေ  မိသားစုသုံးဦး နေထိုင်သော  အိမ်ပျက်စီးခဲ့သည့်အပြင်  ခြံဝင်းအတွင်း  မွေးမြူထားသော  ဝက် ၈ ကောင် ၊ ကြက် ၁၅ ကောင်တို့ သေဆုံးရှုံးခဲ့ပြီး  လူတစ်စုံတစ်ရာ  ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ၊ အဆိုပါမိသားစုအား ရွာသူ ရွာသားများက   ပြန်လည်ကူညီဆောက်လုပ်ပေးလျက်ရှိကြောင်း  သိရှိရသည်။ 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)