စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask)များ အခမဲ့ဝေငှပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းအမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်စေရန်အတွက် နှာခေါင်းစည်း(mask)များ အခမဲ့ဝေငှပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ်အတွင်းရှိ စျေးများ၊ ကားဂိတ်များနှင့် လမ်းဆုံလမ်းဂွများတွင် ဆောင်ရွက်စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask)များ အခမဲ့ဝေငှပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

ငွေဆောင်မြို့၌ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ အိမ်အပြင် ထွက်ခွာရာတွင် နှာခေါင်းစည်းတပ်ဆင်သည့် အလေ့အထရရှိစေရန်၊ ကျန်းမာရေး ညွှန်ကြားချက် များနှင့် အညီ လိုက်နာခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ငွေဆောင်မြို့ကိုဗစ်-၁၉ ကော်မတီမှလမ်းသွား၊ လမ်းလာပြည်သူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်(၇)နာရီက ငွေဆောင်မြို့ အ.ထ.က ကျောင်းရှေ့တွင်ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် သီရိဇေယျာကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ သီရိဇေယျာကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ ယမန်နေ့ နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ‌ရောင်းချရန် အသိပညာပေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်မှု အနေဖြင့် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုပဲ ပါဆယ်(Take-Away) စနစ်ဖြင့် သာရောင်းချရန် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် ရောင်းချနေသော စားသောက်ဆိုင်များအား လိုက်လံအသိပညာပေးခဲ့သည်။

လှိုင်းဘွဲမြို့နယ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စခန်းမှူး ဒုရဲမှူး အောင်ကျော်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်း၍ ပြည်သူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိနိုင်စေရန်အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်း စောင်းများ ဖြန်ဝေခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးများနှင့် ဗိုလ်ချုပ်အောင်ဆန်းတံတားထိပ် တို့တွင် ပြည်သူများအား နှာခေါင်းစည်း(Mask) များအခမဲ့ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက် (၆:၃၀)နာရီအချိန်ခန့်က မုဒွန်းကျေးရွာရှိ ရှင်စောပုဈေးနှင့် တောင်စွန်း ကျေးရွာဈေးတို့ ဈေးရောင်း /ဈေးဝယ်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့် ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာ ပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် လူစည်ကားရာနေရာများ၌ နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေ

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြသူများကို နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင် အသုံးပြုကြစေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များ အခဲ့‌မဲ့ပေးဝေခြင်းကို ယမန်နေ့ နံနက်၇နာရီခွဲကလူစည်ကားရာ နေရာများဖြစ်ကြသောအမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၆)ရှိ ဆရာစံဈေးနှင့် ၁၂လမ်းနှင့်လမ်း၈၀ ကျူံးထောင့်တို့၌ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ဝင် မြို့ထွက် နေရာများ၌  စစ်ဆေးရေးဂိတ်များထားရှိ ဆောင်ရွက်

တောင်ငူမြို့နယ်သို့ ဝင်ရောက်လာသည့် မော်တော်ယာဥ်နှင့် စီးနင်းလိုက်ပါသူများအား မြို့ဝင် မြို့ထွက် နေရာများ၌ စစ်ဆေးရေးဂိတ်များထားရှိကာ တာဝန်ရှိသူများက နေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask(၃၅၀)ခု၊ Face Shield (၇)ခု၊ လက်အိတ်(၂၀)ခုနှင့် Surgical Gowns(၃)ထည် လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အတွက် ကိုဗစ်-၁၉ရောဂါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက မြို့နယ် ကြက်ခြေနီအသင်းခွဲမှ Mask Campaign ပြုလုပ်ခြင်းကို မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်တွင် နှာခေါင်းစည်းMaskများ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး၍ နှာခေါင်းစည်း Maskများ တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်း Maskများ အခမဲ့တပ်ဆင်ပေးခြင်း၊ အပြင်ထွက်လျှင် Mask တပ်ဆင်ကြရန်နှင့် လက်ကို မကြာခဏဆေး ကြောကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to