ဆင်ပေါင်ဝဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask(၃၅၀)ခု၊ Face Shield (၇)ခု၊ လက်အိတ်(၂၀)ခုနှင့် Surgical Gowns(၃)ထည် လှူဒါန်း

ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အတွက် ကိုဗစ်-၁၉ရောဂါ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၈ နာရီက မြို့နယ် ကြက်ခြေနီအသင်းခွဲမှ Mask Campaign ပြုလုပ်ခြင်းကို မြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်တွင် နှာခေါင်းစည်းMaskများ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေး၍ နှာခေါင်းစည်း Maskများ တပ်ဆင်ခြင်းမရှိသူများအား နှာခေါင်းစည်း Maskများ အခမဲ့တပ်ဆင်ပေးခြင်း၊ အပြင်ထွက်လျှင် Mask တပ်ဆင်ကြရန်နှင့် လက်ကို မကြာခဏဆေး ကြောကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ကန့်သတ်စောင့်ကြည့် ထားရှိသည့် မဟာစည်ကျောင်းတိုက်သို့သွားရောက်၍ နှာခေါင်းစည်း Mask(၁၀၀)ခု၊ Face Shield (၇)ခု၊လက်အိတ်(၂၀)ခုနှင့် Surgical Gowns(၃)ထည်တို့အား လှူဒါန်းခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ တပ်စုမှူးဦးအောင်စိုးပိုင်ထံမှသိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)