အောင်မြေသာစံမြို့နယ်တွင် လူစည်ကားရာနေရာများ၌ နှာခေါင်းစည်း(Mask)များ အခမဲ့ပေးဝေ

မန္တလေး စက်တင်ဘာ ၁၄

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာကြသူများကို နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင် အသုံးပြုကြစေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များ အခဲ့‌မဲ့ပေးဝေခြင်းကို ယမန်နေ့ နံနက်၇နာရီခွဲကလူစည်ကားရာ နေရာများဖြစ်ကြသောအမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၃၆)ရှိ ဆရာစံဈေးနှင့် ၁၂လမ်းနှင့်လမ်း၈၀ ကျူံးထောင့်တို့၌ ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

နှာခေါင်းစည်း(Mask)များအခဲ့‌မဲ့ပေးဝေရာတွင်အမရဌာနီအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရန်ကင်းနှင့် ရာအိမ်မှူးများ၊ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့မှ တပ်စုမှူး အောင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ စုစုပေါင်း (၃၀)ဦးတို့က အမရဌာနီအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ရွှေပြည်သာကျောက်စိမ်း ကုမ္မဏီလီမီတက် မိသားစုက လှူဒါန်း‌ထားသည့်  နှာခေါင်းစည်း(Mask) အခုရေ(၁၅၀၀)ကို ဆရာစံဈေးနှင့် ၁၂လမ်းနှင့်လမ်း ၈၀ ကျူံးထောင့် အစရှိသည့် လူစည်ကားရာ နေရာများတွင် ဈေးသူဈေးသားများ၊ ဈေးဝယ်လာ ပြည်သူများ နှင့် လမ်းသွားလမ်းလာ ပြည်သူများကို ပြန်လည်၍ အခမဲ့ပေးဝေ ကြခြင်းဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)