ဟိုမိန်းမြို့၌ Cash For Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့တွင် လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြောင့် စီးပွားရေးထိခိုက်စေမှု လျော့နည်းရေး စီမံကိန်း တစ်ခုအဖြစ် ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက် အခဲများကို ကုစား ပေးနိုင်ရန် အတွက် Cash For Work စီမံကိန်းဖြင့် မယ်အောကျေးရွာနှင့် ခုံလုံကျေးရွာ တို့၌ ကျေးရွာ ဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့နယ်အဝင်လုံခြုံရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်နေမှုများ ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်အဆင့်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာ(၁၂)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှင်ဗွေယန်မြို့ ပူးပေါင်းစစ်ဆေးဂိတ်တွင် ခရီးသွားမှတ်တမ်းများ ကောက်ယူခြင်းကို နေ့စဉ်စစ်ဆေးပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေးကာလအဖြစ် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း၊ လီဒိုလမ်းမကြီး တစ်လျှောက် ဖြတ်သန်း သွားလာနေသော ခရီးသွားပြည်သူများနှင့် ယာဉ်မောင်းများအား စည်ပင်သာယာစျေးအရှေ့၊ မြို့အဝင်ပူးပေါင်း စစ်ဆေးဂိတ်တွင် နေ့စဉ် နံနက် ၇ နာရီခွဲမှ ည ၉ နာရီထိ အရှိန်မပြတ် ခရီးသွားမှတ်တမ်းများ ကောက်ယူ စစ်ဆေးလျက်ရှိသည်။

ပေါက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ

ပေါက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို စက်တင်ဘာ ၁၄ ရက် နေ့မှစတင်၍ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်း မရှိတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့၌ အစားအသောက်ရောင်းချသည့်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်ရောင်းချရန် လိုက်လံစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ကိုဗစ် − ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ တောင်သာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းပပျောက်ရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အစားအသောက် ရောင်းချသည့် ဆိုင်များအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပါဆယ်စနစ်ဖြင့် ရောင်းချရန် ယမန်နေ့ နံနက် (၉) နာရီခွဲအချိန်က ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်း ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ညပိုင်းအချိန်က အမှတ်(၉)ရပ်ကွက်ရှိ လမ်းမကြီးများတွင် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ် ၌ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မော်လမြိုင်ကျွန်းမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ကိုဗစ်ကာလ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များ နှင့်အညီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ကျင်းပသည်။

လှိုင်သာယာမြို့နယ်ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက်   နှာခေါင်းစည်း Mask အခု (၁၀၀၀၀၀) လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊မြောက်ပိုင်းခရိုင် ၊လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိ စေရန်နှင့် ရောဂါကာကွယ် ၊ထိန်းချုပ်နိုင်စေရန် အတွက် ရည်ရွယ်၍  ကိုဗစ်−၁၉ရောဂါကာကွယ်

ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်​​ဆေး​ခြင်းများ ပုံမှန်ဆောင်ရွက်

ပြည်ခရိုင် ရွှေတောင် မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်​နိုင်​ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူများအား နှာ​ခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်​ဆေး​ ဆောင်ရွက်ခြင်း၊ တပ်ဆင်မှုမရှိပါက နှာခေါင်းစည်း (mask)များ ယခုဝယ်ယခုတပ်စနစ်ဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ လိုက်လံစစ်ဆေးမှုများကို လူစည်ကားရာ​နေရာဖြစ်သည့် ပြည်-ရန်ကုန် လမ်းတည်ကုန်းတာလမ်းကားဂိတ်၊ ဘုရားနီးကားဂိတ်နှင့် ရွှေတောင်မြို့မ စျေးလမ်းဆုံလမ်းခွတို့တွင် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ရွှေဘုံသာ ဘုန်းတော်ကြီး ကျောင်းဝန်း၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသော အား ဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းကာ ယမန်နေ့​က မြို့သစ်မြို့၏ ကျက်သရေဆောင်သာလေး သာသမိုင်းဝင်ရွှေဘုံသာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
Subscribe to