မိတ္ထီလာမြို့တွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရန် ကုန်တင်ယာဉ်များကို ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီခွင့်ပြု

မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ခရီးသည်ယာဉ်လိုင်းများ ပြေးဆွဲခြင်းမှ ယာယီရပ်နားထားသော်လည်း မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရန် ကုန်တင်ယာဉ်များကို ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

ကလောမြို့နယ်၊ ရေယားကျေးရွာအနီး မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ လူတစ်ဦးသေဆုံး

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ၊ ကလောမြို့နယ် ရေယားကျေးရွာအနီးတွင် ယနေ့ နံနက် ၃ နာရီ အချိန်ခန့်က ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၆၈/၅)နှင့် (၆၈/၆)ကြားအရောက်တွင် အရှိန် မထိန်း နိုင်၍ လမ်း၏ ဝဲဘက်ရှိ အနက် ၁၀၀ ပေ ခန့်ရှိ ချောက်ထဲသို့ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံး ကြောင်းသိရသည်။

ပွင့်ဖြူမြို့၌ မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မုန်းသီတာ ခန်းမ၌ ကျင်းပသည်။

သန်လျင်မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း(Mask)များ ဖြန့်ဝေအသိပညာပေး အရှိန်မြှင့်ဆောင်ရွက်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက လူအများသွားရာ ဘတ်စ်ကားမှတ်တိုင်များ၊ ကယ်ရီဂိတ်များ၊ လမ်းသွားလမ်းလာများအား ရောဂါပြန့်ပွားမှုမရှိစေရေး နှာခေါင်းစည်း (Mask)များဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်များဖြင့် ယာဉ်အတက်အဆင်းတွင် အသုံးပြုနိုင်ရေး စီစဉ်ပေးခြင်း၊ လက်ကိုင်အသံချဲ့စက်များဖြင့် ရှောင်ရန် ဆောင်ရန်များကို အသိပညာပေးဆောင်ရွက်လျက်ရှိသည်။ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု ပိုးတွေ့လူနာများ ရှိနေခြင်းကြောင့် ရောဂါပျံနှံမှု မဖြစ်ပေါ်ရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဖွဲ့များခွဲကာ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အရှိန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ပခုက္ကူမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် စားသောက်ဆိုင်များ ပါဆယ်(Take-Away) စနစ်ဖြင့်သာ ‌ရောင်းချ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ကြိုတင် ကာကွယ် မှု အနေဖြင့် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်(Take-Away) စနစ် ဖြင့်သာ ယနေ့ နံနက် ပိုင်းကစ၍ရောင်းချလျက်ရှိသည်။

ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများဆောင်ရွက်ရန် ECG စက်တစ်လုံးနှင့် အလှူငွေများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်း များတွင် အသုံးပြုရန် ECG စက်တစ်လုံးနှင့် အလှူငွေများကို ဖျာပုံမြို့ရှိ စေတနာရှင်အလှူရှင်များက ဖျာပုံခရိုင်ဆေးရုံအုပ်ကြီးထံ စက်တင်ဘာ ၁၂ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့သည်။

ခရမ်းမြို့အတွင်း သာယာလှပစေရေး အရိပ်ရပန်းအလှပင်များစုပေါင်းစုပေါင်းစိုက်ပျိုး

ရန်ကုန်တောင်ပိုင်းခရိုင် ၊ခရမ်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် ခရမ်းမြို့(၃) ရပ်ကွက်(၁) လမ်း လမ်းဖြစ်မြောက်ရေးကော်မတီဝင်များ၊ လမ်းသူ/လမ်းသား ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ လမ်းဘေးဝဲယာတွင် အရိပ်ရ/လေကာပန်းအလှပင်များစုပေါင်းစိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်က ခရမ်းမြို့ အမှတ်(၃)ရပ်ကွက်(၁) လမ်းတွင် ကျင်းပခဲ့သည်။

ကျောင်းကုန်းမြို့တွင် Community Base Facility Quarantine ပြည်သူ (၁၉၅) ဦးအား ဆန်၊ အချိုရည်နှင့် မုန့်များ ထောက်ပံ့

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Community Base Facility Quarantine (၃၄) နေရာရှိ ပြည်တွင်း ပြည်ပများမှ ပြန်လာသူ (၁၉၅)ဦးအား ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ခန့်က ဆန်၊ အချိုရည်နှင့်မုန့်များ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဒေါ့ဖုန်းယန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်မိတ်ဆက်ခြင်း အစီအစဉ် ရိုက်ကူး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့ပြည်သူ့ စာကြည့်တိုက်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုနှုန်း များပြားနေချိန်အတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေချစ်သူများအတွက် စာအုပ်မိတ်ဆက်ခြင်းနှင့် ဗဟုသုတရရှိစေမည့် အစီအစဉ်များကို ရိုက်ကူးကာ အသိပညာပေး အစီအစဉ်များကို အွန်လိုင်း မှတစ်ဆင့် လွှင့်တင် ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းပေါ် လွှင့်တင်နိုင်ရေးအတွက် သုတစာအုပ် မိတ်ဆက်ခြင်း အစီအစဉ်ကို ရိုက်ကူးဆောင်ရွက်ခဲ့သည်။

ရွာငံမြို့နယ် ရေဦးဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် နှာခေါင်းစည်း များ တပ်ဆင်အသုံးပြုရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ရေဦးဈေးတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် နှာခေါင်းစည်းများ တပ်ဆင် သုံးပြုရေး၊ သတ်မှတ်ထားသော စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေးနှင့် အသိ ပညာပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီက အဆိုပါဈေး၌ ဆောင်ရွက်ခဲ့သည်။
Subscribe to