ဘောလခဲခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဘောလခဲ မြို့အဝင်/ အထွက် စုပေါင်းဂိတ်တွင် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှု နေစဉ်မပြတ်ဆက်လက်ဆောင်ရွက်

ကယားပြည်နယ် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်ပေါ်စေ ရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နေ့စဉ်မပြတ် ဆက်လက်ကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ကြေးပြန်လည် ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအတွက် ထောက်ပံ့ငွေပေးများကို ယနေ့နံနက်၉နာရီချိန် လဟယ်မြို့နယ် တိုးချဲ့-၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ်၌ ပေးအပ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် တည်ခိုခန်း ဧည့်ရိပ်သာများအား အသိပညာပေးစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များ နှင့်အညီ ဖွင့်လှစ်နိုင်ရေး အတွက် တည်ခိုဧည့်ရိပ်သာများအား ယမန်နေ့ ညနေ ၃ နာရီခွဲက အသိပညာပေးစစ်ဆေးခဲ့သည်။

နတ်မောက်မြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးနှင့်တိကျ မှန်ကန်မှုရှိစေရေး မဲဆန္ဒရှင်စာရင်းများ စိစစ်ဆောင်ရွက်

မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာနိုင်ရေး မြို့နယ်မဲဆန္ဒရှင် စာရင်းစိစစ်ရေး လုပ်ငန်းကော်မတီက မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်မှုရှိစေရေး၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့နံနက်ပိုင်းက မဲစာရင်းများ ပြည့်စုံမှန်ကန်နိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်ကာလကိုယ်ဝန်ဆောင်တစ်ဦးလျှင် တစ်ကြိမ်သာထောက်ပံ့ပေးမည့် ငွေဗိုက်အစီအစဉ်တွင်လျှောက်ထားနိုင်

ကိုဗစ်ကာလတွင် ကိုယ်ဝန်ဆောင်တစ်ဦးလျှင် သုံးသောင်းကျပ်အား တစ်ကြိမ်သာထောက်ပံ့ပေးမည့် ငွေဗိုက်အစီအစဉ်တွင် ကိုယ်ဝန်ဆောင်များလျှောက်ထားနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန မှ သိရသည်။

ပင်လုံမြို့ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ရေး အသိပညာပေးလှည့်လည်ဆော်ဩ

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ် ရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူများက ပင်လုံမြို့မဈေးအတွင်း ပြည်သူများ၊ ဈေးသည် နှင့်ဈေးဝယ်များ ရောဂါကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား အသိပညာပေးခြင်း၊ လှည့်လည် ဆော်ဩခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့မဈေး၌ ဈေးရောင်းဈေးဝယ်ပြည်သူများ Mask နှာခေါင်းစည်း တပ်ဆင်ရေး နေ့စဉ်ကြီးကြပ်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ မြို့မစည်ပင် သာယာဈေး နှင့် ယာယီပျံကျဈေးတို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ Mask နှာခေါင်းစည်းများ တပ်ဆင် ထားခြင်းရှိ/မရှိနှင့် သတ်မှတ် နေရာများတွင် ဈေးရောင်း ချမှုရှိ/ မရှိစစ်ဆေးခြင်းတို့ကို တာဝန်ရှိ သူများက နေ့စဉ်ကြီးကြပ်ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်တွင်လည်း တာဝန်ရှိသူ များက ဆောင်ရွက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက်ဘိုးဘွားများအား လူမှုရေးပင်စင် များ အိမ်တိုင်ရာ ရောက်ထောက်ပံ့ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူ တို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။

နေရပ်ပြန် မြန်မာသင်္သောသားများ ကော့သောင်းမြို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားရှိ

ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် တရုတ်နိုင်ငံမှ လာရောက်သည့် MT. HAI XING သင်္သော ပေါ်မှ သင်္သောသား(၈)ဦး၊ အိန္ဒိယနိုင်ငံမှ လာရောက်သည့် M.V EVER ALLIANCE သင်္သောပေါ်မှ သင်္သောသား(၅)ဦး၊ အိန္ဒိယနိုင်ငံမှလာရောက်သည့် MT. BUSAN HOPE သင်္သောပေါ်မှ သင်္သောသား(၁၃)ဦး၊ စုစုပေါင်း သင်္သောသုံးစီးပေါ်မှ သင်္သောသား (၂၆) ဦး Sign off ထွက်လာရာ ယမန်နေ့ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် မျိုးစေ့ထုတ်စပါးခင်းအတွင်း ကောက်စိုက် စက်ဖြင့် မျိုးစေ့ထုတ်စပါးများစိုက်ပျိုး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ် (CERP)အရ မျိုးစေ့ထုတ်စပါးစိုက်ခင်းအတွင်း စပါးများ ကောက်စိုက် စက်ဖြင့် စိုက်ပျိုးနေမှုကို ယမန်နေ့က မျိုးစေ့ထုတ် မျိုးသန့်ခြံစိုက်ခင်း၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်
Subscribe to