လှိုင်းဘွဲမြို့နယ် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

လှိုင်းဘွဲ      စက်တင်ဘာ ၁၄

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စခန်းမှူး ဒုရဲမှူး အောင်ကျော်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပူးပေါင်း၍  ပြည်သူများအနေဖြင့် လူကုန်ကူးမှုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများကို သိရှိနိုင်စေရန်အတွက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်း စာစောင်များ ဖြန်ဝေခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်တွင် လူကုန်ကူးမှု ဖြစ်ပေါ်လာနိုင်သည့်အကြောင်းအရာများ၊  လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ၊ပြစ်မှုပြစ်ဒတ်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်သိသင့်သည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတိုင်ကြားရန် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အရေးပေါ် ဖုန်းနံပါတ်များ၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန  သတင်းအချက်အလက်မျှဝေရာစင်တာ ဖုန်းနံပါတ်များ ပါဝင်သော လက်ကမ်းစာစောင် များကို ပြည်သူများ သိရှိနိုင်စေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)