အင်တောမြို့တွင် ညမထွက်ရအမိန့်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး လိုက်လံနှိုးဆော်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ အင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေးနှင့် အချိန်မီ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အထောက်အကူ ပြုနိုင်ရေးအတွက် မီးသတ် ဦးစီးဌာနမှ ညမထွက်ရ အမိန့်အား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရန် ရည်ရွယ်၍ ယမန်နေ့ ညနေပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာနက  (Covid-19)ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့်  သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ယမန်နေ့က ကေကောကျေးရွာအုပ်စု နှင့် သိုသီးဖိုကျေးရွာ အုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်  ၈ နာရီခန့်က မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်သို့ အသံချဲ့စက်များဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်‌ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များက လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။

ကြံခင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုအန္တရာယ်မှ ကင်းဝေးစေရန် ပုဂ္ဂလိက ခရီးသည်တင် မော်တော်ယာဉ် လိုင်းများ ပြေးဆွဲမှုရပ်နား

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုအန္တရာယ်မှ ကင်းဝေးစေရန် ပုဂ္ဂလိက ခရီးသည်တင် မော်တော်ယာဉ်လိုင်းများကို ယမန်နေ့မှစတင်၍ ပြေးဆွဲမှုအား ရပ်နား ထားကြောင်း သိရသည်။

မဘိမ်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အထူးရဲ (၄၄)ဦး ခန့်အပ်သွားမည်

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရေးအ တွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင် ရန်အတွက် အထူးရဲ(၄၄)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

သံတောင်ကြီးမြို့တွင် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန် အတွက် ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များပါ ဆယ်စနစ်ဖြင့် ရောင်းချရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက သံတောင်ကြီး မြို့‌ ပေါ်တွင်ဆောင် ရွက်ခဲ့ကြောင်းသိရသည်။

သံတောင်ကြီးမြို့တွင် နေအိမ်ပြင်ပသွားလာသူများအား နှာခေါင်းစည်း တပ်ဆင်ခြင်း ရှိ၊ မရှိ စစ်ဆေး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်၄လမ်းဆုံနှင့် မြို့ပေါ် ရပ်ကွက်များတွင် နေအိမ်ပြင်ပ သွားလာသူများ Mask တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေ (၅၀၀၀) ကျပ် ပေးဆောင်စေခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ သံဃာတော်များအား ဆွမ်းနှင့် လိုအပ်ချက်များ ပြည့်စုံစေရေးအတွက် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် သီတင်းသုံးတော်မူလျက်ရှိသော သံဃာတော်များ ဆွမ်းနှင့် လိုအပ်ချက်များ ပြည့်စုံစေရေးအတွက် ရည်ရွယ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့တို့မှ ပူးပေါင်းကာ ယနေ့ နံနက်(၁၀)နာရီအချိန်က ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဘောဂလိမြို့ပေါ် (၄) ရပ်ကွက်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ရှိ မိခင်နှင့်ကလေးငယ်များ အဟာရဆိုင်ရာရလဒ်များ ပိုမိုကောင်းမွန်ရန်၊ ကလေးသူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အားဖြည့်စေမည့် ဝန်ဆောင်မှုများအား မိသားစုများအထေက်အကူ ဖြစ်စေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းတွင် ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား တတိယအကြိမ်နှင့် စတုတ္တအကြိမ် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်ခြင်းကို ဘောဂလိမြို့မြို့ပေါ် (၄) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်တလန်မြို့ မြို့မစျေးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) (၃၀၀)ခုအခမဲ့ဖြန့်ဝေ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့ အမှတ်(၁၀၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး(ထန်တလန်)မှ ယာဉ်ထိန်းရဲအုပ် စိုးဝင်းသန်းနှင့် ထန်တလန် မြို့မရဲစခန်း ဒု-ရဲအုပ် ဟိန်းဝေဇင်လတ်တို့ ဦဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်း(Mask) များ (၃၀၀)ခုအခမဲ့ဖြန့်ဝေပေးခြင်းကို  ယ နေ့ နံနက် ၉ နာရီတွင် လူစည်ကား​နေရာဖြစ်သော ထန်တလန်မြို့ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ် စည်ပင်သာယာစျေးရှေ့၌ ဆောင်ရွက်ခဲ့ ကြကြောင်းသိရသည်။
Subscribe to