ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံနှံ့မှုမရှိစေရေး  လူအဝင်/ အထွက် ဂိတ်များ ထားရှိ၍  ကျန်းမာရေးစစ်ဆေးပေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်တင်ဘာ ၁၄

မြန်မာနိုင်ငံ၌ ရောဂါကူးစက်ခံရသူများ များပြားလာသည်ကိုတွေ့ရှိရသဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး လူအဝင်/အထွက် ဂိတ်များ ထားရှိ၍  ကျန်းမာရေးစစ်ဆေးပေးခြင်းများ ယနေ့နံနက်ပိုင်းက အမှတ်(၇)ရပ်ကွက်၌ ကျန်းမာရေး စစ်ဆေးပေးခြင်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် အတက်နိုင်ဆုံး အပြင်မထွက်ကြရန်၊ မဖြစ်မနေ အပြင်ထွက်မည်ဆိုပါက နှာခေါင်းစည်း(Mask)များ စနစ်တကျတပ်ဆင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်မည့် သူများအား ကိုယ်အပူချိန်တိုင်တာပေးခြင်း၊ နှာခေါင်းစည်းMask တပ်ဆင်ထားခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ မော်တော်ယာဥ်အဝင်/အထွက်များ စာရင်းကောက်ယူခြင်း၊ ခရီးသွား ရာဇဝင် များအား ကြည့်ရှုစစ်ဆေး၍ ကျန်းမာရေးနှင့် အားကစားဝနိကြီးဌာန၏ အချိန်နှင့် တပြေးညီ ထုတ်ပြန်ချက်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)