ချောင်းဆုံ စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယနေ့ နံနက် (၆:၃၀)နာရီအချိန်ခန့်က မုဒွန်းကျေးရွာရှိ ရှင်စောပုဈေးနှင့် တောင်စွန်း ကျေးရွာဈေးတို့ ဈေးရောင်း /ဈေးဝယ်သူများအား နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့် ဝေပေးခြင်းနှင့် ကျန်းမာရေး အသိပညာ ပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မွန်ပြည်နယ် ဒု-လွှတ်တော် ဥက္ကဋ္ဌဒေါက်တာအောင်နိုင်ဦး၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ မြို့နယ်ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဝင်များနှင့် မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့မှ ပညာပေးသရုပ်ပြမှုများ လှုမှုရေးအသင်း အဖွဲ့ဝင်များ ပူးပေါင်းပြီး ဈေးအတွင်း နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ ပေးခြင်း၊ မြို့နယ် ကြက်ခြေနီ အသင်းအဖွဲ့မှ ပညာပေး သရုပ်ပြမှုများပြခြင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး (မော်လမြိုင်-ချောင်းဆုံ ) ဗိုလ်ချုပ်အောင်ဆန်းတံတား ထိပ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်ပြီး မြို့အဝင်အထွက် သွားလာသူများအား အပူချိန်တိုင်း တာခြင်းနှင့် နှာခေါင်းစည်း (Mask)များတပ်ဆင်ထား မှုအခြေအနေများကိုလည်း စစ် ဆေး ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။
ထူးအိမ်(ပြန်/ဆက်)