စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် သီရိဇေယျာကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောင် စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်၊ သီရိဇေယျာကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ ယမန်နေ့ နံနက်(၈)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းရာတွင် Faculty Quarantine Center အတွက်ကြိုတင် ပြင်ဆင်ထား ရှိဆောင်မှုအပေါ် လိုအပ်ပါက ပံ့ပိုးမှုများဆောင်ရွက်ပေးနိုင်ရေး၊ ကျေးရွာအတွင်း နယ်လှည့်ဈေးသည်များ၀င်ထွက်သွားလာမှုမရှိစေရေး၊အခြားဒေသမှကျေးရွာသို့ ပြန်လာသူ များရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့၏ ထောက်ခံချက်ပါ/ မပါစိစစ်ပြီးမှ Home Quarantine ထားရှိစေလျှက် လိုအပ်ပါက Facility Quarantine ထားရှိဆောင်ရွက်ရေး၊ နေအိမ်ပြင်ပသို့ ထွက်သူတိုင်းနှာခေါင်းစည်း Mask များ စနစ်တစ် ကျ တပ်ဆင် အသုံးပြုသွားလာနိုင်ရေး၊ ကျေးရွာရှိအိမ်ထောင်စု ဇယားပါ လူဦးရေ အားလုံး အား ကိုဗစ် ကာကွယ်ရေး ပရဟိတလူငယ်များအဖွဲ့ရန်ပုံငွေဖြင့် Mask များ အခမဲ့ဖြန့်ဝေပေးနိုင်ရေး၊ ကျေးရွာအုပ်စု အတွင်း    လူစုလူဝေးဖြစ်စေသော ကိစ္စရပ်များအား လုံး၀ခွင့်မပြုရေး (ခွင့်ပြုမိန့်ရရှိထားပြီးကျန်းမာရေး ဌာန၏ သတ်မှတ်စည်းကမ်းအတိုင်း လိုက်နာကျင့်သုံး ဆောင်ရွက်ခြင်းများမှ အပ) စသည်တို့ ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ စာရေးများ၊ ကျန်းမာ ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

တင်ကိုကို(မြောင်)