စမ်းချောင်း စက်တင်ဘာ ၁၄
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းအမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်စေရန်အတွက် နှာခေါင်းစည်း(mask)များ အခမဲ့ဝေငှပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က စမ်းချောင်းမြို့နယ်အတွင်းရှိ စျေးများ၊ ကားဂိတ်များနှင့် လမ်းဆုံလမ်းဂွများတွင် ဆောင်ရွက်စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(mask)များ အခမဲ့ဝေငှပေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ဆောင်ရွက်ရာတွင် မြေနီကုန်းစျေး၊ မြေနီကုန်းကားဂိတ်၊ ရှမ်းလမ်းစျေး(ဂွစျေး)၊ မြသီတာလမ်း ယာယီပျံကျစျေး စသည့်နေရာများတွင် စျေးသည်များနှင့် လမ်းသွား လမ်းလာပြည်သူများအား နှာခေါင်းစည်း(mask)များ အခမဲ့ ဝေငှပေးခြင်း၊ မလိုအပ်ပဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုကြရန်နှင့် အကယ်၍ မဖြစ်မနေသွားလာရမည်ဆိုပါက နှာခေါင်းစည်း(mask)များ တပ်ဆင်သွားလာကြပါရန် စသည်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်ဆောင်ရွက်ရာသို့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကုသရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။
ခင်ချောစုဝင်း(ပြန်/ဆက်)