တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ဝင် မြို့ထွက် နေရာများ၌  စစ်ဆေးရေးဂိတ်များထားရှိ ဆောင်ရွက်

တောင်ငူ စက်တင်ဘာ ၁၄

တောင်ငူမြို့နယ်သို့ ဝင်ရောက်လာသည့် မော်တော်ယာဥ်နှင့် စီးနင်းလိုက်ပါသူများအား မြို့ဝင် မြို့ထွက် နေရာများ၌ စစ်ဆေးရေးဂိတ်များထားရှိကာ တာဝန်ရှိသူများက နေ့စဉ် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

`` မြို့ဝင် မြို့ထွက် တွေမှာ ယခုလို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရတာဟာ ပိုကောင်းပါတယ်။ ကျန်းမာရေး အသိရှိဖို့လည်း လိုအပ်တယ်ဟု ´´ ဒေသခံတစ်ဦးက ပြောကြားသည်။

တောင်ငူမြို့သို့ ဝင်ရောက်သည့် အမြန်လမ်းမှတစ်ဆင့် လမ်းပိုင်းအပါအဝင်  မြို့ဝင်မြို့ထွက် ဂိတ်များ၌ ဝင်ရောက်ကြသည့် ခရီးသည်တင်ယာဉ်များ ၊ မော်တော် ယာဉ်များ ၊ ကုန်တင်ယာဉ်များ ၌ လိုက်ပါကြသူများအား တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ကာ မြို့နယ်ပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကိုယ်အပူချိန် တိုင်းတာခြင်းများ ဆောင်ရွက် ပေးလျက်ရှိပြီး ပရဟိတအဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ဇော်ထက် (တောင်ငူ)