မင်းတုန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကြေညာနိုင်ရန် မဲစာရင်း စိစစ်ရေးလုပ်ငန်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ၂၀၂၀ ပြည်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် မြို့နယ်မဲစာရင်း စိစစ်ရေးလုပ်ငန်းကော်မတီက ဒုတိယအကြိမ် မဲစာရင်းကြေညာရာတွင် မဲစာရင်းပြည့်စုံ မှန်ကန်စေရန် ယနေ့နံနက် ၁၀ နာရီခန့်က မဲစာရင်း စိစစ်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည်။

ကြည့်မြင်တိုင်မြို့နယ် ​ဆေးရိုးတန်းငြိမ်းချမ်း​ရေး ရပ်ကွက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့က ​ဆေးရိုးတန်းငြိမ်းချမ်း​ရေး ရပ်ကွက်ရှိ လမ်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ပိုးသတ်ဆေးဖြန်းရာတွင် ရပ်ကွက်အတွင်းရှိ လမ်းမကြီးများ တစ်လျှောက်နှင့် အတွင်း လမ်းသွယ်များပါမကျန် ပိုးသတ်ဖျန်းခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ် ကျောက်တိုင်ကျေးရွာတွင် Cash For Work စီမံကိန်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျောက်တိုင်ကျေးရွာတွင် CERP အစီအစဉ်အရ Cash For Work စီမံကိန်းထောက်ပံ့ငွေဖြင့် ရွာတွင်းလမ်းများ ကျောက်ရော မြေခင်းပြီး ကျောက်မုန့် ထပ်ပိုးခင်းခြင်းနှင့် ကျောက်ရိုးစီကွန်ကရစ်တံတား (၂) စင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး ပြီဖြစ်၍ အိမ်ခြေ၊ အိမ်ထောင်စု(၄၄)ခု၊ လူဦးရေ(၁၈၈)ဦး တို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး တို့ကို များစွာအကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ကာရာအိုကေဆိုင်များဖွင့်လှစ်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ကာရာအိုကေဆိုင် (KTV) များ ဖွင့်လှစ်မှု မရှိစေရေးအတွက် တာဝန်ရှိသူများမှ ယမန်နေ့ညနေ ၄ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ၈၂ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း ဧသီဒါခန်းမတွင် ကျင်းပသည်။

စစ်ကိုင်းမြို့တွင် ဈေးဝယ်လာပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ လက်သန့်ဆေးရည်များ ဆေးကြောပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့၊ နံနက်ပိုင်းက ရွာထောင် မီးရထားရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့်အဖွဲ့များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်း၍ ဈေးဝယ်လာများအား နှာခေါင်းစည်းများ တပ်ဆင်စေခြင်း အသိပညာပေးနှိုးဆော်ကာ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လက်သန့် ဆေးရည်များ ဆေးကြောပေးခြင်းတို့ ဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။

မိုင်းစံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ကျေးရွာအရောက် လှည့်လည်နှိုးဆော်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန် က ကျေးရွာများအရောက် လှည့်လည်နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တမူးခရိုင်၊ မြို့သစ်မြို့၌ ကိုဗစ်-၁၉ စီးပွား ရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်းများအား မျိုးကွဲနှုတ်ပယ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၌ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၁၄ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း မြို့သစ်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း စီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

တမူးမြို့၊ မြို့မစည်ပင်သာယာစျေးတွင် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်၍ သွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့ ၊မြို့မစည်ပင်သာယာစျေးအတွင်း နေ့စဥ်သွားလာနေသော စျေးရောင်း၊စျေးဝယ်သူများ နှာခေါင်းစည်း(Mask)များ တပ်ဆင်၍ သွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းများကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။
Subscribe to