ပုသိမ်၌ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ကူးစက်မှု အန္တရာယ်မှ ကင်းဝေးစေရန် ခရီးသွားလာခွင့် ယာယီ ရပ်ဆိုင်းထား

ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ကိုဗစ်-၁၉ ကူးစက်မှုအန္တရာယ်မှ ကြိုတင်ကာကွယ်ရန် တိုင်းအတွင်းနှင့် တိုင်းပြင်ပ ပြေးဆွဲနေသော မော်တော်ယာဉ်အားလုံးကို စက်တင်ဘာ ၁၁ ရက်နေ့မှ အောက်တိုဘာ ၁ ရက်နေ့အထိ ယာယီရပ်ဆိုင် ထားကြောင်း ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ယာဉ်များစနစ်တကျ ပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီရုံးမှ သိရသည်။

ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ ရက်ပြည့်သူ (၆) ဦးအား Swab နမူနာ (၂) ကြိမ်စီ စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်

ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ဟားခါးမြို့နယ်အတွင်း ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ၁၄ ရက်ပြည့်သူ ၆ဦးအား ရောဂါပိုးမတွေ့ရှိရသဖြင့် ယနေ့နံနက် ၉ နာရီအချိန်က ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် ကော်မတီဝင်များက ပြန်လည်စေလွှတ် ခဲ့ကြောင်း သိရှိရသည်။

ပွင့်ဖြူမြို့၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ညမထွက်ရအမိန့် ထုတ်ပြန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းကို စက်တင်ဘာ ၁၄ ရက်နေ့(ရက်စွဲ)ဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီထံမှ သိရသည်။

မိုင်းနောင်မြို့ပျံကျစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များအား အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပျံကျစျေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်နိုင်ရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက်(၆)နာရီအချိန် က စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်း Mask များ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိ စေရန်နှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ပြန်လည်လျော်ဖွပ် အသုံးပြုနိုင်သည့် အဝတ်ဖြင့် ချုပ်လုပ် ထားသော မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ လှူဒါန်းထားသည့် လူကြီးနှာခေါင်းစည်း Mask နှင့် ကလေး နှာခေါင်းစည်း Mask များကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မိသားစုများ၊ အမှတ်(၂၀) ရပ်ကွက်နှင့် အမှတ်(၁၈)ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့မိသားစုများအား ယမန်နေ့ ညနေ ၄ နာရီက လှူဒါန်းသည်။

မိုင်းယောင်းမြို့၌ ဈေးလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၌ ဈေးလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၅ ရက်က ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း စည်ပင်သာယာရေးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးစိုင်းဟိန်းလွမ်းမိုးထံမှ သိရသည်။

ခေါင်လန်ဖူးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ခေါင်လန်ဖူး မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

ချောက်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ် စိုက်ကွက်များအား တာဝန်ရှိသူးများက ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မိုးစပါး မျိုးကောင်း မျိုးသန့် မျိုးစေ့ထုတ် စိုက်ကွက် များအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ညောင်ရွှေမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေး ကွင်းဆင်းအသိပညာပေးဟောပြော

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေရေးအတွက် ကွင်းဆင်းအသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီခွဲခန့်က ညောင်ရွှေမြို့နယ်၊ ဘန်းပြင်ကျေးရွာအုပ်စု၊ လွယ်မွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် PPE ဝတ်စုံများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ လှိုင်သာယာမြို့နယ်၌ ကိုဗစ်−၁၉ရောဂါ ကူးစက်ပျံ့နှံမှုမရှိ စေရန်နှင့် ရောဂါကာကွယ် ၊ ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာမြို့နယ် ကိုယ်စားပြု Community Quarantine Centre အတွက် ဦးအေးသောင်း(ရွှေလင်ဗန်းစက်မှုဇုန်ဥက္ကဋ္ဌ)+ပါမောက္ခ ဒေါက်တာအေးအေးသိန်း (ဗဟိုအမျိုးသမီးဆေးရုံကြီး)တို့က PPE ဝတ်စုံ (၁၅၀)စုံနှင့် Green Spring Manufacturing Co.Ltd မှ PPE ဝတ်စုံ (၅၀)စုံ စုစုပေါင်း PPE ဝတ်စုံ (၂၀၀)စုံတို့ကို ယမန့်နေ့ မွန်းလွဲပိုင်းက လှူဒါန်းသည်။
Subscribe to