မီးဘေးသင့် မိသားစုဝင်များအား အသုံးအဆောင်ပစ္စည်းများနှင့် ဆန်အိတ်များထောက်ပံ့

မီးဘေးသင့် မိသားစုဝင်များအား အသုံးအဆောင်ပစ္စည်းများနှင့် ဆန်အိတ်များထောက်ပံ့ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ အကွက် (၂၀၃)၊ ၉၁ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြား၌ မီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိသော ရန်ပြေသက်ရှည်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ် UMFCCI တွင် “ကိုဗစ်-၁၉ ကာလအတွင်း သင့်စီးပွားရေးကို မြှင့်တင်လိုက်ပါ” ခေါင်းစဉ်ဖြင့် SME အွန်လိုင်းဆွေးနွေးပွဲ ကျင်းပ

လမ်းမတော်မြို့နယ် UMFCCI တွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ကြီးမှူး၍ “SME စကားဝိုင်း ကိုဗစ်-၁၉ ကာလအတွင်း သင့်စီးပွားရေးကို မြှင့်တင်လိုက်ပါ” ခေါင်း စဉ်ဖြင့်ဆွေးနွေးပွဲအား ယမန်နေ့တွင် Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ကိုဗစ်ရောဂါကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးအခက်အခဲများ၊ ရေရှည်ပြန်လည်ကုစားနိုင်ရေး အစီအမံများ၊ မဟာဗျူဟာများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး မဟာဗျူဟာ၊ စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု ဘာသာရပ် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

အိမ်မဲမြို့နယ်တွင် မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် နိုင်ငံတော်မှ ငွေကျပ် ၃၀၀၀၀ စီထောက်ပံ့ပေး

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်အတွင်း မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် နိုင်ငံတော်မှတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ စီထောက်ပံ့ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချီဖွေမြို့နယ် အ.ထ.က ကျောင်း၌ Quarantine Centre အဖြစ်ထားရှိရန် ပြင်ဆင်ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် အ.ထ.ကကျောင်း၌ ကိုဗစ်-၁၉ ဖြစ်ပွားရာ ပြည်နယ်/ တိုင်းဒေသကြီး၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့် ဒေသခံပြည်သူများအား (Quarantine Centre) ထားရှိရန်အတွက် နေရာထိုင်ခင်း ပြင်ဆင်ဆောင်ရွက် ထားပြီးဖြစ်ကြောင်း သိရသည်။

အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ငါးမွေးတောင်သူများအား ငါးမြစ်ချင်းသားပေါက်ကောင်ရေ လေးသိန်းခွဲကျော် ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ငါးမွေးတောင်သူများအား ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၄၅၁,၁၀၀ ကို ယနေ့ နံနက် ၁၀ နာရီ ကထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အစီအစဉ်ဖြင့် ထောက်ပံ့ငွေများပေးအပ်

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ထောက်ပံ့ငွေများအား ယမန်နေ့က စတင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်တွင် ပြည်သူများ Mask တပ်ဆင်အသုံးပြုရေးပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေခြင်း ဆောင်ရွက်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နေအိမ်ပြင်ပသို့ ထွက်ခွာလာသူများအားနှာခေါင်းစည်း Mask တပ်ဆင်အသုံးပြုရေး

ကလောမြို့နယ် အောင်ပန်းမြို့၌ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် အောင်ပန်းမြို့ ညောင်ပင်ထောင် ရပ်ကွက် ၊ နယ်မြေ(၃) စိန်ပန်းလမ်းတွင် ယမန် နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့် က ဝါယာကြိုးအပူလွန်ကဲရာမှ ၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြင်းမူတွင် အသက်(၈၅)နှစ်နှင့်အထက် အဖိုး/ အဖွားများအား လူမှုရေးပင်စင်များ လက်ဝယ်အရောက် ပေးအပ်

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့တွင် အသက်(၈၅)နှစ် အထက် အဖိုး/ အဖွားများအား လူမှုရေးပင်စင် အဖြစ် (၃)လလျှင် တစ်ကြိမ် ပေးအပ်လျှက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများ အတွက် လူမှုရေးပင်စင်များကို မြင်းမူမြို့၊ ရွှေပြည်သာခန်းမ၌ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ ထုတ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to